မိ်န်းကလေးတိုုင်း သိသင့်သော ငွေကုန်ကြေးကျ သက်သာသည့် အလှအပဆိုင်ရာ နည်း...
01-Mar-2017၁။ဝက်ခြံအတွက် သွားတိုက်ဆေး
ဝက်ခြံထွက်သည့် နေရာတွင် သွားတိုက်ဆေး အနည်းငယ်ကို တို့၍ တစ်ညအိပ်လိုက်ပါ။မနက်ပိုင်းမှ မျက်နှာကို သစ်ချလိုက်ပါ။ ရက်အနည်းငယ် အထိ နေ့တိုင်းပြုလုပ်ပေးပါက ဝက်ခြံများပျောက်ကင်း လျော့ပါးသွားနိုင်ပါသည်။
၂။နှုတ်ခမ်းကွဲခြင်းအတွက် သကြားနှင့်ပျားရည်
သကြား ထမင်းစားဇွန်း ၂ဇွန်းနှင့် ပျားရည် ထမင်းစားဇွန်း ၁ဇွန်းတို့ကို ရော၍ မွှေလိုက်ပါ။ပြီးလျှင် နှုတ်ခမ်းတွင် လိမ်းပြီး မိနစ်အနည်းငယ်ထားပေးပါ။ တစ်ပတ်တွင် တစ်ကြိမ်ခန့်လိမ်းပေးနိုင်သည်။ သင့်နှုတ်ခမ်း၏ အစိုဓါတ်ကို ထိန်းထားနိုင်ရန် ရေနွေးနွေး၊ သံလွင်ဆီ၊ အုန်းဆီ တို့ဖြင့်လည်း နှုတ်ခမ်းအား တစ်နေ့ ၁-၂ ကြိမ်လိမ်းပေးနိုင်ပါသည်။
၃။သွားဝါခြင်းအတွက် မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါ ထမင်းစားဇွန်း လေးပုံတစ်ပုံခန့်ကို သွားတိုက်ဆေး အနည်းငယ်နှင့်ရော၍ သွားတိုက်ပေးပါ။ ညဘက်တွင် တိုက်ပေးပါ။သွားတိုက်ပြီးလျှင် အစားမစားရပါ။ တစ်ပတ်တွင် တစ်ကြိမ်ခန့် ပြုလုပ်ပေးနိုင်ပါသည်။ အခြားနည်းလမ်းမှာ လိမ္မော်ခွံဖြင့် သွားတိုက်ပေးလည်း ရပါသည်။ မအိပ်ခင် ညတိုင်း တစ်ပတ်ခန့် တိုက်ပေးပါ။
၄။အဆီပြန်သော အသားရေအတွက် ကြက်ဥအကာ
ကြက်ဥအကာထဲကို သံပရိုသီးတစ်ခြမ်း ညှစ်ထည့်၍ သမအောင်မွှေပေးပါ။ ပြီးလျှင် မျက်နှာကိုလိမ်းပေးပါ။ခြောက်သည့်အချိန်ထိ ထားပေးပါ။ ပြီးလျှင် ရေနွေးနွေးဖြင့့် မျက်နှာသစ်ပေးပါ။တစ်ပတ်လျှင် ၂-၃ ကြိမ်ခန့်ပြုလုပ်ပေးပါ။
၅။ခြောက်သွေ့သော အသားရေအတွက် အုန်းဆီ
ရေချိုးပြီးတိုင်း အုန်းဆီပါးပါးကို နေရာအနှံ့ အသားထဲသို့ စိမ့်ဝင်အောင် လိမ်းပေးပါ။ မျက်နှာကိုပါ လိမ်း၍ ရပါသည်။ ပြီးလျှင်ရေချိုးချပါ။ ပျားရည်ကိုလည်း အသုံးပြု၍ ရပါသည်။ ရေမချိုးခင် ကိုယ်ခန္ဓာအနှံ့လိမ်း၍ ၁ဝမိနစ်ခန့်ထားပါ ။ ပြီးလျှင် ရေချိုုးချပါ။
၆။ဆားဝက်ခြံအတွက် မုန့်ဖုတ်ဆော်ဒါ
မုန့်ဖုတ်ဆော်ဒါကို ရေအနည်းငယ်နှင့် ရော၍ ခပ်ပျစ်ပျစ်ဖျော်လိုက်ပါ။ ပြီးလျှင်ဆားဝက်ခြံရှိသည့် နေရာများတွင် လိမ်းပြီး မိနစ်အနည်းငယ်ထားပါ။ ပြီးလျှင်ရေဆေးချပါ။ ထိုသို့ တစ်ပတ်လျှင် ၁-၂ ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါသည်။
၇။ဗောက်ထခြင်းအတွက် အုန်းဆီနှင့် သံပရိုသီး
သံပရိုသီးတစ်ခြမ်းကို အရည်ညှစ်ပါ။ထိုအရည်ထဲသို့ အုန်းဆီ ထမင်းဆားဇွန်း လေးပုံ တစ်ပုံ ခန့်ထည့်၍ နှံ့အောင်မွှေပေးပါ။ ပြီးလျှင် တစ်ခေါင်းလုံးနှံ့အောင် လိမ်းပေးပါ။ မိနစ်၃၀ ခန့်ထားပြီးနောက် ခေါင်းလျှော်ချပေးပါ။ တစ်ပတ်တွင် ၂-၃ ကြိမ်ခန့်ပြုလုပ်ပေးနိုင်ပါသည်။
Dr Moon
Ref: Top 10 Home Remedies